Connect Charity Event (July – 2025)

Connect Charity Event (July – 2025)

ဟီလို ဟီလို July လလယ်ကိုရောက်လာပြန်ပြီဆိုတော့ လစဉ်ကော်နက်ကစ်ချင်းလေးလည်း ရှယ်မီနူးတွေနဲ့အတူ ပေါ်လာပါပြီနော်

日本語の告知は後ほど追記させていただきます

ဒီလမီနူးလေးကတော့ ဂျပန်လူမျိုးရော မြန်မာလူမျိုးရော အများစုက ကြိုက်နှစ်သက်ကြတဲ့ရှမ်းခေါက်ဆွဲ(သို့မဟုတ်)တို့ဟူးနွေးလေးကိုရှယ်မလိုင် အချိုပွဲလေးနဲ့တွဲဖက်စားရမှာဖြစ်ပါတယ်ဒီတခေါက် GenY for Revolution - Japan မှစာဖိုမှူးကြီးတွေက ချက်ပေးမှာဆိုတော့ ထုံးစံအတိုင်း အရသာကလည်း ရှယ်မှရှယ်ဖြစ်စေရမယ်နော်

※နယ်မှအားပေးသူများအတွက် ရာသီဥတုပေါ်မူတည်ပြီး အဆင်ပြေမယ့် မီနူးလေးတွေကတော့ ရာမတိုအအေးခန်းနဲ့ပို့ပေးပါမယ်နော်။တချို့မီနူးလေးတွေကတော့အဆင်မပြေဖြစ်တတ်တာကြောင့် ကြိုတင်မေတ္တာရပ်ခံထားပါရစေ

ပွဲနေ့မှာ အောက်ပါ side dishes လေးတွေလည်း ရောင်းချပေးမှာမို့လို့ စားချင်စဖွယ်တွေကို တနေရာထဲမှာ မြိုင်မြိုင်ဆိုင်အားပေးလို့ရမှာပါနော်

  • ရေခဲသုပ် ၈၀၀¥

  • ဖါလူဒါ ၈၀၀¥

  • ဝက်ခေါက် ၅၀၀¥

  • သည်းသည်းရဲ့ထန်းသီးမုန့် ၃ခုပါ ¥၅၀၀

  • တီတီချိုရဲ့တို့ဟူးကြော် ¥၅၀၀

  • မသီတာကြော်တဲ့စမူဆာ၂ခုပါ ¥၅၀၀

  • ကိုပေါက်ရဲ့ ငါးနီတူးခြောက်ကြော် ¥၂၀၀၀

  • ကိုပေါက်ရဲ့ ဘာလချောင်ကြော် ¥၂၀၀၀

ကျင်းပမည့်လိပ်စာကဒီနေရာလေးပါ

နေရာ ။ ။ 〒169-0072

1 Chome-14-14 Okubo, Shinjuku City, 

https://x.gd/lWdus ဒါလေးနှိပ်ပြီးလာနော်

နေ့ရက်။ ။2025.7.26(Sat)

အချိန် ။ ။ 12:00 - 16:00

日本福音ルーテル東京教会(東京都新宿区大久保1-14-14)

သိကြတဲ့အတိုင်း ကော်နက်ကရောင်းချရသမျှရံပုံငွေတွေဟာ ပြည်တွင်းက သွေးချင်းစစ်ရှောင်တွေအတွက်လည်းဖြစ်အုံးမှာဆိုတော့ တချက်ခုတ် ၂ ချက်မကပြတ်မယ့် “စားရင်းလှူ လှူရင်းစား ကော်နက်နဲ့အတူတတပ်တအား” ပါဝင်ပေးကြဖို့အတွက် စောင့်မျှော်နေမယ်နော်

စောင့်နေပါမယ်နော်

Connet အဖွဲ့သားများ